သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ကာယပညာနှင့် အားကစားဒီပလိုမာဗဟိုအဆင့် သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ကာယပညာနှင့် အားကစားဒီပလိုမာဗဟိုအဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ရန်ကင်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ ကသာနှင့် ဟားခါးပညာရေးဒီဂရီကောလိပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)