သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးနေမှု ကွင်းဆင်းကြည့်ရှု

ဖြူး ဇူလိုင် ၁၉

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရေဆင်းပေါ်ဆန်း(၂)၊ ဧရာမင်းနှင့် ထိုင်းနှံကောက်စပါးမျိုးတို့အား လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းပိုင် စိုက်ပျိုးနိုင်သောမြေ ၅၁၂ ဧကပေါ်တွင် မိုးစပါးမျိုးစေ့ထုတ် ဧက ၁၅၀၊ စားစပါး ၃၆၂ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။

 

ဆက်လက်ပြီး သမဝါယမအသင်းသားတောင်သူ ဦးထွန်းအောင်ကျော် စိုက်ပျိုးထားသော မိုးစပါး(ထိုင်းနှံကောက်) မျိုးစေ့ထုတ် ခုနစ်ဧက စိုက်ပျိုးနေမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ စနစ်ကျသော စိုက်ပျိုးရေးဖြစ်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်