သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် စီမံကိန်းလုပ်ငန်းစဉ်များ ဆွေးနွေး

ကော့ကရိတ် စက်တင်ဘာ ၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သမဝါယမဦးစီးဌာနက သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် (CBFP) စီမံကိန်း လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

 

ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုစန်းက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)