သမဝါယမ အသင်းသားတောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၅

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် နတ်သူရဲကျေးရွာအုပ်စုရှိ နတ်သူရဲကျေးရွာ၊ ကြံဘိုကျေးရွာ၊ ပန်းပဲစုကျေးရွာနှင့် တာတိုင်ကုန်းကျေးရွာတို့မှ သမဝါယမအသင်းသား တောင်သူများနှင့် ဩဂုတ် ၂၄ ရက်က ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးက တောင်သူများ၊ သမဝါယမ အသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးချင်းတစ်ယောက်ချင်း စိုက်ပျိုးဆောင်ရွက်ခြင်း မဟုတ်ဘဲ တစ်ဆက်တစ်စပ်တည်းရှိ လယ်ယာမြေများကို စုပေါင်းစိုက်ပျိုးခြင်း၊ ရိတ်သိမ်းရောင်းချခြင်းများသည် တောင်သူများအတွက် အကျိုးကျေးဇူး များစွာရှိကြောင်း ရှင်းလင်းဆွေးနွေးရာ အဆိုပါ တွေ့ဆုံပွဲသို့ တောင်သူများနှင့် သမဝါယမအသင်းသား တောင်သူ ၁၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်