သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြား

ဟိုင်းကြီးကျွန်း အောက်တိုဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိသည်။

 

စည်ကား

ရပ်ဝေးရပ်နီးမှ ဘုရားဖူးများသည် ကုန်းလမ်းရေလမ်းမှ သင်္ဘောများ၊ ကားများဖြင့် လာရောက်ကြပြီး ဘုရားကုန်းတော်အနီးရှိ တည်းခိုရိပ်သာများနှင့် ကုန်းတော်အောက်ရှိ ရင်ပြင်တော်ပထမထပ်အတွင်း အနားယူအပန်းဖြေကြကာ မြတ်မော်တင်စွန်းစေတီ တော်မြတ်ကြီး၌ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ ပရိတ်/ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစား ကြသည်။ ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင် နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမြော်ခြင်း၊ ကျောက်ကလပ်သို့ သွားရောက်၍ အမှတ်တရ ဓာတ်ပုံရိုက်ကြသူများဖြင့် စည်ကားပြီး သီတင်းကျွတ် ရုံးပိတ်ရက်များတွင် နေ့ချင်းပြန်လာရောက် လည်ပတ်ကြသကဲ့သို့ ညအိပ်တည်းခိုသူ များလည်းရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း)