နေပြည်တော် အောက်တိုဘာ ၂၉
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေး လျက်ရှိရာ အောက်တိုဘာ ၃၀ ရက် သောကြာနေ့ ညပိုင်းတွင် “သီတင်းကျွတ်ပြီ” တေးဂီတဖျော်ဖြေပွဲကို တိုက်ရိုက်(Live) ရိုက်ကူးထုတ်လွှင့် ပြသမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသည့် ဖိုးသောကြာ၊ ကောင်းမိုးယံ၊ စောဒယ်နီရယ်၊ The Sai၊ ရေဗက္ကာဝင်း၊ ဆုပန်ထွာ၊ နေခြည်၊ ခိုင်သဇင်ဦး၊ သဒ္ဒါနန်းထိုက်နှင့် EVE တို့က သီတင်းကျွတ် အခါသမယတွင် ရောင်စုံမီးများ လင်းလက်တောက်ပမှုနှင့်အတူ မြန်မာ့ရိုးရာဓလေ့ထုံးစံ၊ မြန်မာတို့၏ နွေးထွေးသော နှလုံးသားနှင့် ချစ်ခြင်းမေတ္တာ၊ မြန်မာ့လူမှုအသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ကြရမည် ဖြစ်သကဲ့သို့ ချစ်ခင်ရသူများလည်း ရင်ခုန်ကြည်နူး၊ ပျော်ရွှင်ချမ်းမြေ့မှုများနှင့် ဘဝခရီးလမ်းကို လျှောက်လှမ်းကြမည့် တေးစာသားများနှင့် သီကုံးရေးဖွဲ့ထားသည့် တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
“သီတင်းကျွတ်ပြီ” တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၃၀ ရက် သောကြာနေ့ ည ၉ နာရီခန့် တွင် မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channelနှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ MRTV App ၏ Entertain-ment Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် နိုဝင်ဘာ ၁ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


