ကိုလံဘို အောက်တိုဘာ ၁၂
သီရိလင်္ကာနိုင်ငံ၌ ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရေးကုမ္ပဏီများက ဈေးကွက်အတွင်းသို့ စက်သုံးဆီပေးပို့မှုကို လျှော့ချခဲ့သော်လည်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရန် အစိုးရက ဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီး အနူရာကာ ရူနာသီလာက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။
ပုဂ္ဂလိကကုမ္ပဏီများ၏ စက်သုံးဆီပေးပို့မှု လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို လျှော့ချရန် အစိုးရက နိုင်ငံပိုင် Ceylon Petroleum Corporation (CPC) ၏ စက်သုံးဆီ ဖြန့်ဖြူးမှုကို တိုးမြှင့်ထားကြောင်း ဝန်ကြီးက ပြောကြားသည်။
CPC သည် ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေသည့် စက်သုံးဆီပမာဏ၏ ဝေစုကို ၅၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ပုဂ္ဂလိကဖြန့်ဖြူးရေး ကုမ္ပဏီများသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရှုံးများကိုကာမိစေရန် အခက်အခဲများ ကြုံတွေ့နေရသဖြင့် စက်သုံးဆီပေးပို့မှုကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


