ရန်ကုန် စက်တင်ဘာ ၁၃
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် Junior Golf Myanmar (JGM) က ကြီးမှူး၍ Shwe Nayar Co., Ltd က အဓိကကူညီပံ့ပိုးသော Shwe Nayar Moonsoon Junior Open မျိုးဆက်သစ် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ Junior Golf Myanmar (JGM) တွဲဖက်အတွင်းရေးမှူး ဦးမြင့်ဇော်က ပြိုင်ပွဲကိုလက်ခံကျင်းပသော ရန်ကုန်ဂေါက်ကွင်းအား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးသိန်းဇော်ဝေက လက်ခံရယူပြီး ပြိုင်ပွဲ နောက်ဆုံးနေ့ အကောင်းဆုံးရိုက်ချက်ဆုရရှိသော ချိုသာအောင်ကိုလည်း ဆုချီးမြှင့်သည်။ ထို့နောက် Junior Golf Myanmar (JGM) တွဲဖက်အတွင်းရေးမှူး ဦးခန့်ဇော်က အသက် ၁၂ နှစ်အောက် (အမျိုးသား) သက်တမ်းတွင် တတိယဆုရရှိသော ကောင်းခန့်ဇော်၊ Junior Golf Myanmar (JGM) တွဲဖက်အတွင်းရေးမှူး ဦးချစ်ဆွေက ဒုတိယဆု ရရှိသော အောင်စိုးထွန်း၊ ပထမဆုရရှိသော ဘုန်းမြတ်သော်တို့အား ဆုများ ပေးအပ်ချီးမြှင့်ပြီး Pyin Oo Lwin Golf Driving Range မှ ဦးလှမျိုးက Pyin Oo Lwin Golf Driving Range မှ ၁၂ နှစ်အောက် (အမျိုးသား)သက်တမ်းတွင် ပထမဆုရရှိသော ဘုန်းမြတ်သော်အား ချီးမြှင့်သည့် ဂုဏ်ပြုငွေကျပ် ၁၅ သိန်းကို ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်ယှဉ်ယှဉ်လတ်က အသက် ၁၈ နှစ်အောက် (အမျိုးသမီး)သက်တမ်းတွင် တတိယဆုရရှိသော Choi Hui၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်လွင်လွင်အောင်က ဒုတိယဆုရရှိသော ဆုနှင်းဖြူ၊ ပထမဆုရရှိသော ချိုသာအောင် တို့အားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်က ၁၄ နှစ်အောက်(အမျိုးသား) သက်တမ်းတွင် တတိယဆုရရှိသော ကျော်ပုညကိုကို၊ ဒုတိယဆုရရှိသော ခန့်သူရနိုင်၊ ပထမဆုရရှိသော ဝေယံလင်းဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar အတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်းက ၁၈ နှစ်အမျိုးသားသက်တမ်းတွင် တတိယဆုရရှိသော လင်းပြည့်မောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးအောင်ကိုဇော်က ဒုတိယဆုရရှိသော Choi Hwan၊ ပထမဆု ရရှိသော ခန့်ဘုန်းလျန်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာကျင်းပပြီး ယခုပြိုင်ပွဲကို Wave သောက်ရေသန့်နှင့် Royal D အားပြည့်အချိုရည်တို့က ထပ်မံပံ့ပိုးကူညီပေးသည်။
သတင်း - မောင်စံကြီး၊ ဓာတ်ပုံ - MGF


