သြစတြေးလျ အိုးပင်းတင်းနစ်ပွဲစဉ်တွေကနေ ဆရီးနာဝီလျံ ထွက်ခွာရပြီ

၂၄ ဇန်နဝါရီ

 

အမေရိကန် တင်းနစ်ကစားသမား ဆရီးနာဝီလျံဟာ တရုတ်တင်းနစ်ကစားသမား ဝမ်ကွိုင်နဲ့ ဒီကနေ့ (သောကြာနေ့)မှာ ယှဉ်ပြိုင်ကစားရာ 6-4, 6/7 (2/7), 7-5 ရလဒ်နဲ့ ပြိုင်ပွဲကနေ ဆရီးနာ ထွက်ခွာခဲ့ရပါတယ်။

 

တင်းနစ်ကစားပွဲလောင်းသူတွေက ဆရီးနာကို ၂၀၂၀ သြစတြေးလျ အိုးပင်းချန်ပီယံဖြစ်မယ်လို့ ထင်ကြေး ပေးထားခဲ့ပါတယ်။ ရှစ်ကြိမ်မြောက် သြစတြေးလျ အိုးပင်းချန်ပီယံဖြစ်မယ်လို့ ထင်ကြေးပေးခံရတဲ့ အသက် ၃၈ နှစ်အရွယ် ဆရီးနာကို အသက် ၂၈ နှစ်အရွယ် ဝမ်က အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။

 

အခုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ခြင်းဟာ ဆရီးနာအတွက် ၂၄ ကြိမ်မြောက်ချန်ပီယံဆု ဆွတ်ခူးမယ့်အစီအစဉ်ကို ပျက်ပယ်သွားခြင်း ဖြစ်ပါတယ်။

 

တခြားပွဲစဉ်မှာ ဆရီးနာရဲ့ ရင်းနှီးတဲ့သူငယ်ချင်း ကယ်ရိုလိုင်း ဗေ့စ်နီယာကီ ကို တူနီရှားတင်းနစ်ကစားသမား အွန် ကအနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ ကယ်ရိုလိုင်းဟာ အခုပွဲစဉ်ပြီးနောက် တင်းနစ်လောကကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

MDN

ကိုးကား - AFP