သဲကုန်း အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအနေဖြင့် အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် စိုက်ပျိုးထုတ်ကုန် ထုတ်လုပ်မှုကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ အယ်လ်နီညိုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ဒေသခံတောင်သူများအား အယ်လ်နီညိုအန္တရာယ်သည် စိုက်ပျိုးရေးကဏ္ဍအပေါ် သိသိသာသာ သက်ရောက်မှုရှိပြီး သီးနှံအထွက် နှုန်းလျော့ကျခြင်းနှင့် စားရေရိက္ခာဖူလုံမှုကို ခြိမ်းခြောက်မှုများဖြစ်ပေါ် လာနိုင်သည့်အတွက် ပိုမိုကောင်းမွန်သောစိုက်ပျိုးရေးနှင့် စားရေရိက္ခာ ဖူလုံမှုရရှိစေရန်၊ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အထွက်နှုန်း ကျဆင်းမှုမရှိစေရန်၊ အယ်လ်နီညိုအန္တရာယ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ ဖြစ်ပွားချိန်တွင် လုပ်ကိုင် ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


