သာပေါင်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် အမှတ်(၂) ရပ်ကွက် ကမ်းနားလမ်း ပြည်သူ့ပန်းခြံ ငဝန်မြစ်အတွင်း၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၈ ရက်ကကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးလှိုင် ဦးဆောင်၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက စက်လှေဆီမီးလောင်မှု မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းနည်း စနစ်များကို ဇာတ်တိုက်လေ့ကျင့်ပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခဲ့ကြောင်း သိရသည်။
မိုးဟိန်းထက်


