သာကေတမြို့နယ်ရှိ စက်ရုံအလုပ်ရုံများ၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်‌ဆေး

ရန်ကုန် အောက်တိုဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက သာကေတမြို့နယ် မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်နှင့် အရန်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ဧရာဝဏ်လမ်းရှိ CNTIC V-Power လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ U Energy လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သာကေတစက်မှုဇုန်၊ Victory myanmar group Co.,ltd. နှင့် နီလာဒံပေါက်လုပ်ငန်းတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ အသင့်အသုံးပြု နိုင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းတို့အပြင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေးညွှန်ကြားခြင်းများကို ဆောင်ရွက်သည်။

 

သာကေတမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက အရှိန်အဟုန်မပျက်ကွင်းဆင်း စစ်ဆေးခြင်းများအပြင် အသံချဲ့စက်၊ ဟမ်းစပီကာများဖြင့် ရပ်ကွက် များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)