တောင်ကြီး အောက်တိုဘာ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ရပ်စောက်မြို့နယ် နောင်မိုင်း မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ရှိ သမဝါယမအသင်းသားများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


