ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ်စဉ် သောကြာနေ့ ညတိုင်းပြသမည်

နေပြည်တော်  ၂၅  နိုဝင်ဘာ

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ၂၇ ရက် ညတွင် ပွဲစဉ်(၇)အဖြစ် စန္ဒရားဇေယျာမင်း မြန်မာမှု တေးဂီတအဖွဲ့၊ EVENING STAR တေးဂီတ အဖွဲ့တို့နှင့်အတူ  တေးသံရှင် မြန်မာပြည်သိန်းတန်၊ တင်ဦးလေး၊ ဂျက်မြသောင်း၊ သျှိုင်းအောင်၊ ဖိုးသောကြာ၊ ရဲထိုက်၊ ခင်စိုးဝင်း၊ သူဇာအောင်၊ သီတာသိမ့်၊ ခင်ပိုးပန်းချီ၊ ဇာလီနိုင်နှင့် ဆုထက်လှိုင်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။ 

အဆိုပါတင်ဆက်ခဲ့မှုကို နိုဝင်ဘာ ၂၉ ရက် တနင်္ဂနွေနေ့  နံနက် ၁၀ နာရီခွဲအချိန်တွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည် ဖြစ်ပါကြောင်း သိရသည်။ 

(သတင်းစဉ်)