ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က Artificial Intelligence (AI) နည်းပညာသင်တန်း ဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ဦးစီး၍ Artificial Intelligence (AI) နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်းက သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။

 

အဆိုပါ သင်တန်းကို စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူဦးရေ စုစုပေါင်း ၃၅ ဦး ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်