ရန်ကင်းမြို့နယ်၌ ပြည်သူ့စကားဝိုင်းဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၅)ရပ်ကွက် ဓမ္မိတဓမ္မာရုံ၌ ယနေ့တွင် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပသည်။

 

အမှာစကားပြောကြား

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေရှိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးချစ်ကိုကိုတို့က အမှာစကား ပြောကြားသည်။

 

စကားဝိုင်း ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ ရေစီးရေလာ၊ လျှပ်စစ်မီးပေးဝေမှု ဆောင်ရွက်ပေးနေမှု အခြေအနေများကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)