ရင်သားကင်ဆာအသိပညာမြှင့်တင်ရေးနှင့် အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ပေးရန် ပါကစ္စတန်ဝန်ကြီးချုပ် တိုက်တွန်း

အစ္စလာမ္မာဘတ် အောက်တိုဘာ ၂၀

ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်ရှရစ်ဖ်က ရင်သားကင်ဆာနှင့်ပတ်သက်သည့် အသိပညာမြှင့်တင်ရေး၊ ရောဂါစောစီးစွာ ရှာဖွေဖော်ထုတ်ရေးနှင့် အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု   ပိုမိုကောင်းမွန်လာစေရေးတို့ကို အောက်တိုဘာ ၁၉ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

ရင်သားကင်ဆာကို စောစီးစွာရှာဖွေဖော်ထုတ်နိုင်ခြင်းနှင့် အချိန်မီကုသမှုခံယူခြင်းတို့သည် ရောဂါကုသရေးတွင် အရေးပါကြောင်း၊ အမျိုးသမီးများရောဂါနှင့်ပတ်သက်သည့် ဆေးဘက်ဆိုင်ရာ  အကြံဉာဏ်များကို အချိန်မီရယူနိုင်ရေးအတွက် မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများက   ဝိုင်းဝန်းအားပေးကူညီကြရန်  လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ရင်သားကင်ဆာ အသိပညာပေးနေ့အထိမ်းအမှတ် သဝဏ်လွှာတွင် ရှရစ်ဖ်က အထူးသဖြင့် ကျေးလက်ဒေသများရှိ  အမျိုးသမီးများအပါအဝင်  နိုင်ငံတစ်ဝန်းရှိ  အမျိုးသမီးများ ရင်သားကင်ဆာစစ်ဆေးမှုနှင့်  ကုသမှုများကို  လက်လှမ်းမီရရှိ စေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖက်ဒရယ်အစိုးရသည် ပြည်နယ်အစိုးရများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ အမျိုးသမီးများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကင်ဆာကုသရေးအထောက်အကူပြု အစီအစဉ်များကို  တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း  ၎င်းက  ပြောကြားခဲ့သည်။

ဆင်ဟွာ