ရှမ်းရွာကျေးရွာတွင် မီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ် ၇ လုံး မီးလောင်ကျွမ်း

ကန်ကြီးထောင့် ၁၀ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာတွင် နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က မီးဖို မီးကြွင်းမီးကျန်မှတဆင့် နေအိမ်ခုနှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လေးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ခရိုင်မီးသတ်ဉီးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး စုစုပေါင်း ယာဉ်လေးစီး အပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုမှာ ရှမ်းရွာကျေးရွာနေ ဦးအောင်ဌေး၏ အရက်ဆိုင်အတွင်းရှိ မီးဖို မီးကြွင်း မီးကျန်မှတဆင့် အရက်ဆီများကို ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အဆိုပါ အရက်ဆိုင်အပါအဝင် စုစုပေါင်း  နေအိမ် ၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် အရက်ဆိုင်ပိုင်ရှင် ဦးအောင်ဌေးကို ကန်ကြီးထောင့်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

နန်းထိုက် (KGD)