ရမည်းသင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ရမည်းသင်း သြဂုတ် ၂၃

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို သြဂုတ် ၂၂ ရက်က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ဆရာမ ဒေါ်သီသီမော်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က စကားဝိုင်းကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်နိုးသူက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)