ရမည်းသင်း သြဂုတ် ၂
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ မြို့နယ်ဆီလုပ်ငန်းရှင်ကြီးများအသင်းက မြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စုဝင် ၁၃၂၀ အား ဆီပီပါအလုံး ၃၀ ကို ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် ရမည်းသင်းမြို့ ပဒေသာကုန်စုံဆိုင်နှင့် ဝိုင်းကုန်စုံဆိုင်တို့တွင် ဆီကုန်သည်ကြီးများအသင်းတို့ကကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး အိမ်ထောင်စုတစ်စုလျှင် စားအုန်ဆီ ၂ ပိဿာ ၅၀ ကျပ်သားကို ရောင်းချခဲ့ကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
အေးခိုင်(ပြန်/ဆက်)


