ပုသိမ် စက်တင်ဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၅၁) စက်မှုလယ်ယာစခန်း ပုသိမ်မြို့၌ ယနေ့နံနက်ပိုင်းတွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲ ကျင်းပသည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် ပုသိမ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အမှာစကားပြောကြားပြီး ပုသိမ်ခရိုင် စက်မှုလယ်ယာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ခင်က သင်တန်းဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ New Holland Myanmar Company Limited အရောင်းတာဝန်ခံက လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများမိတ်ဆက်ရှင်းလင်း ပြောကြားသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေး ဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းခြွေလှေ့ စက်များကို လယ်ယာလုပ်ငန်းခွင်တွင် စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်ကင်းစွာ သုံးစွဲတတ်စေရန်၊ ကျွမ်းကျင်စွာ မောင်းနှင် ထိန်းသိမ်းတတ်စေရန်၊ စနစ်တကျ ချိန်ညှိတတ်စေရန်နှင့် စပါးအလေအလွင့် နည်းပါးရေး တို့အတွက်ရည်ရွယ်၍ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို စက်တင်ဘာ ၁၄ ရက်မှ၂၅ ရက် အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


