ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆီဗီလာအသင်းတို့ အောက်တိုဘာ ၁၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်(၉)မှာ ရီးယဲလ်မက်ဒရစ်အသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက ဆီဗီလာအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ဂူလာက တစ်ဂိုး၊ အမ်ဘတ်ပီက နှစ်ဂိုး၊ ဒီယိုမန်ဒီက တစ်ဂိုးသွင်းယူပေးခဲ့ကာ ဆီဗီလာအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ မာနူဘူနိုကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ယခုဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးအထိရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါအမှတ်ပေး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းနဲ့ ခြောက်မှတ်ကွာ အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ စပိန်လာလီဂါရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် အောက်တိုဘာ ၂၅ ရက်မှာ ဘာစီလိုနာ အိမ်ကွင်းမှာတွေ့ဆုံဦးမှာဖြစ်ပါတယ်။ ဆီဗီလာအသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ စပိန်လာလီဂါ အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


