ရွှေတောင်မြို့နယ်၌ ဆိုလာ၊ ဆိုလာပန့်နှင့် မော်တာပစ္စည်းများ ပေးအပ်ပွဲကျင်းပ

ရွှေတောင် သြဂုတ် ၂

 

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ (ဒုတိယအကြိမ်) ချေးငွေဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်မည့် ဒေသခံတောင်သူများသို့ ဆိုလာ၊ ဆိုလာပန့်နှင့် မော်တာပစ္စည်းများပေးအပ်ပွဲကို သြဂုတ် ၁ ရက် နံနက်ပိုင်းက ရွှေတောင်မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဆိုလာ၊ ဆိုလာပန့်နှင့် မော်တာပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ တိုင်းဦးစီးမှူး ဦးတင်မောင်သန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ပေးရခြင်း ရည်ရွယ်ချက်များ၊ ချေးငွေဖြင့်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပေးဆပ်ရမည့်ကာလ၊ အတိုးနှုန်းထားတို့ကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ဒေသခံတောင်သူများထံ ဆိုလာ၊ ဆိုလာပန့်နှင့် မော်တာပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုကိုမင်း(ပြန်/ဆက်)