ရေတာရှည်မြို့နယ်ရှိ စားအုန်းဆီ အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းရောင်းချနေမှု ကွင်းဆင်းစစ်ဆေး 

ရေတာရှည် အောက်တိုဘာ ၂၉

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်၌ သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချနေမှု အခြေအနေကို စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

 

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံနှင့်​ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နေပြည်သူများအား သတ်မှတ်ထားသော စျေးနှုန်းများ၊ အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျရောင်းချပေးမှု ရှိ၊ မရှိ နေ့စဉ် ရောင်းချသည့် စျေးနှုန်းများကိုလည်း ဗီနိုင်းများဖြင့် စနစ်တကျချိတ်ဆွဲ ရောင်းချပေးမှုရှိ၊ မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)