ရေးမြို့နယ်၌ ရေလုပ်သား ၂ ဦးမှ ဓါးဖြင့်ထိုး၍ ဖောင်ဦးစီးဖြစ်သူ သေဆုံး

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

ရေးမြို့နယ်၊ ပါးကျွန်းအနောက်ဘက် ရေမိုင်(၂၀)ခန့်အကွာရှိ ဖောင်ပေါ်၌ အောက်တိုဘာ ၁၈ ရက်က ဖောင်ဦးစီးဖြစ်သူက မကြာခဏ ဆဲဆိုရိုက်နှက်သည်ကို မကျေနပ်၍ ဓါးဖြင့်ထိုးရာမှ  ဖောင်ဦးစီးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပါးကျွန်းအနောက်ဘက် ရေမိုင်(၂၀)ခန့်အကွာရှိ ဖောင်ပေါ်၌ အောက်တိုဘာ ၁၈ ရက် ညနေ နာရီခွဲက ဖောင်ဦးစီးဖြစ်သူ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာနေ ဦးဟန်ငြိမ်း (၄၄)နှစ် ဦးစီး၍ ရေလုပ်ငန်းများ လုပ်ကိုင်နေစဉ် ဦးဟန်ငြိမ်းက ရေလုပ်သားများဖြစ်သူ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ကျေးရွာနေ ဇော်မျိုး (၃၇)နှစ်နှင့် ဝေါမြို့နယ်၊ လက်ပံကျေးရွာနေ ထက်နိုင်မျိုး (၂၆)နှစ်တို့ ဦးအား လုပ်ငန်းလုပ်ကိုင်ရာတွင် မကြာခဏ ဆဲဆိုရိုက်နှက်သည့်အတွက် မကျေနပ်သဖြင့် ဇော်မျိုးနှင့် ထက်နိုင်မျိုးတို့ ဦးက အရိုး/အသွား လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့ကြောင်း၊ ဦးဟန်ငြိမ်းတွင် ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့သောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဇော်မျိုးနှင့် ထက်နိုင်မျိုးအား ရေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။    

 

ရဲပြန်ကြား