ရေကြည်မြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပေးအပ်ပွဲကျင်းပ

ရေကြည် ဇူလိုင် ၃၀

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် လယ်ယာမြေဥပဒေနှင့်အညီ ရောင်း/ပေါင်း/လဲ/ငှား/ပေး ဆောင်ရွက်ခဲ့သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ - ၇) ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇ ) ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားတွင် ဒေသခံတောင်သူ ၁၀၅ ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ၁၃၄ တွဲ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)