ရွှေဘိုတက္ကသိုလ်၌ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရွှေဘို စက်တင်ဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ ၂၀၂၆ ခုနှစ် ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၆ ရက်က ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ မြတ်မြတ်သော်က အမှာစကား ပြောကြားသည်။

 

အဆိုပါပြိုင်ပွဲတွင် ကာယဗလမောင် ငါးဦး၊ ကာယအလှမယ် ၁၃ ဦးတို့က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ကိုယ်ဟန်အနေအထားများကို ယှဉ်ပြိုင်ပြသကြသည်။ ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်နှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ပြီး ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမြတ်မြတ်သော်က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)