ရန်ကုန် စက်တင်ဘာ ၁၆
ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသော လူမှုကရုဏာ အကူအညီများပေးရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် KBZ BANK မိသားစုက ယမန်နေ့တွင် အသင်းရန်ကုန်ရုံးခွဲသို့ အလှူငွေများ လာရောက်လှူဒါန်းသည်။
အလှူငွေပေးအပ်ပွဲတွင် KBZ BANK မိသားစုက အလှူငွေကျပ် ၈၂၀၁၅၅၀၀ ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်ထံ ပေးအပ်လှူဒါန်းသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲသို့ အသင်းအလုပ်အမှုဆောင်များ၊ KBZ BANK မှ CEO ဦးဇော်လင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


