ရာဇဝင်ထဲမှာ ပုဏ္ဏား

ဒေါက်တာဒဂုန်(Ph.D)(Astro)(Kol.)စီစဉ်ရေးသားသည့် ရာဇဝင်ထဲမှာ ပုဏ္ဏား စာအုပ်ထွက်ရှိလာသည်။ ။

 

မျက်မမြင်ပုဏ္ဏားခြောက်ဦးတို့သည် ဆင်တစ်ကောင်လုံးကို စမ်းတဝါးဝါး စမ်းသပ်ရင်းမှ တစ်ယောက်တစ်မျိုး မိမိတို့ထင်ရာ လွဲမှားစွာ ပြောကြသည်ဟု ကမ္ပည်းတင်ခံခဲ့ရသည်။ ယခုအခါ ပုဏ္ဏားငယ်တစ်ဦးသည် ပုဏ္ဏားတို့၏ရင်းမြစ် သမိုင်းကြောင်းတို့ကို အပိုအလိုမရှိ ပကတိ တိကျပြတ်သားစွာ ခိုင်မာသော အထောက်အထားပေါင်း မြောက်မြားစွာ နှင့်တကွ ပြုစုထားသည့်အတွက် လေ့လာသင့်သော စာအုပ်ဖြစ်သည်။

ကြေးမုံ (စာအုပ်စင်)