ပုသိမ် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၌ ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးကိုးထောင် ကပ်လှူပူဇော်ပွဲကို ကျင်းပသည်။
အဆိုပါ ဆီမီးကိုးထောင်ကပ်လှူပူဇော်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီးတို့သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘုရားဖူးပြည်သူများနှင့်အတူ ဆီမီးကပ်လှူပူဇော်ကြသည်။
ထို့ပြင် ပြည်သူများနှင့်အတူ ကန်သုံးဆင့်ရေပြင်တွင် ဆီမီးမျှော ပူဇော်ခဲ့ကြပြီး မြို့တော်ခန်းမရှေ့ ရှုခင်းသာရင်ပြင်၌ ပြုလုပ်သည့် ၂၀၂၆ ခုနှစ် သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေမှု၊ နိုင်ငံကျော် တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုတို့ကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


