ပုသိမ်မြို့၌ ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်း

ပုသိမ် ဩဂုတ် ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ် စေရေးအတွက် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက် မင်းကြီးလမ်း၊ အမှတ်(၈)ရပ်ကွက် ဇေယျဝတီလမ်း၊ အမှတ်(၉) ရပ်ကွက် ပုသိမ် - ငွေဆောင် ကားလမ်း၊ အမှတ်(၁၄)ရပ်ကွက် မဟာစေတီလမ်းတို့ရှိ ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဖော်ထုတ် ရှင်းလင်းခြင်း၊ လမ်းဘေးဝဲ/ယာ တစ်လျှောက်ရှိ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှုများကို မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူးတို့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

 

ကျော်ဟိန်း(ပြန်/ဆက်)