ညောင်ဦး ၄ ဇူလိုင်
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကိုဗစ်-၁၉ ရောဂါစတင်ကာ ကွယ်ထိန်းချုပ်ချိန်မှစတင်ကာ လာရောက်လည်ပတ်သည့်ဘုရားဖူးဧည့်သည် မရှိခဲ့သော်လည်း ယခု ရက်ပိုင်းအတွင်း တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၄၅၀ ခန့်ဝင်ရောက်မှု ရှိလာကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ၊ (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်)သည် ဆယ်နှစ်ရာသီကာလပတ်လုံး ပြည်တွင်းပြည်ပခရီးသွား များအမြဲမပြတ် ရှိခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံတော်အစိုးရ၊တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ၊စေတီ၊ ဘုရား၊ပုထိုး၊ သာသနိက အဆောက်အအုံများ လာရောက်လည်ပတ်ခွင့်၊ ဖူးမြော်ခွင့်များ ပိတ်ထားခဲ့ရာမှ ယခုအခါ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဘုရားများဖူး ဖူးမြော်ခွင့်အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖူးမြော်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။
ဘုရားဖူးဧည့်သည်များသည် တနင်္လာနေ့မှ သောကြာနေ့များတွင် ၄၅၀ ခန့်ပုံမှန် လာရောက်ဖူးမြော်ကြပြီး၊ စနေ၊ တနင်္ဂနွေရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ၁၂၀၀ ကျော် လာရောက်ကြကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း