နေပြည်တော် အောက်တိုဘာ ၂၉
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပုဗ္ဗသီရိ မြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများရှိ ရေအရင်းအမြစ်များအား စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးရွာအုပ်စု ၆ အုပ်စု၊ ကျေးရွာ ၁၂ ရွာသို့ သွားရောက်၍ ရေအရင်းအမြစ်များအား စစ်ဆေးခြင်းနှင့် ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကျေးရွာပေါင်း ၇၄ ရွာရှိပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ကျေးရွာများ၌ သောက်သုံးရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ရေအရင်းအမြစ်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။
နော်လူး(ကျေးလက်)


