ရန်ကုန် စက်တင်ဘာ ၁၃
Myanmar Boxing Commiss- ion မှ ကျင်းပသည့် Professional Boxing Matches 11( PBM 11)ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ၂နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ အားကစားခန်းမ၌ ခြောက်ချီ တွဲဆိုင်း ခြောက်ဆိုင်းဖြင့် ကျင်းပ သည်။
အဆိုပါပြိုင်ပွဲများ၏ (၅၀ ဒသမ ၈ ကီလို) ဖလိုင်းဝိတ်တန်းတွင် နော်ရိန်းအောင်(MBC Boxing Club) နှင့် ဖြိုးသူအောင် (Yangyiaung Club)တို့ ခြောက်ချီပြည့်သည်အထိ သူတင်ကိုယ်တင် အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ကြသော်လည်း အနိုင်အရှုံးမပေါ်သဖြင့် နော်ရိန်းအောင်က အမှတ်ဖြင့် အနိုင်ရရှိပြီး ဉာဏ်လင်းထက် (MBC Boxing Club)နှင့် ဝေယံထွန်း (Mandalay Club) တို့ပွဲစဉ်တွင် ဉာဏ်လင်းထက်၏ လက်သီးချက်ကြောင့် ငါးချီမြောက်တွင် ဝေယံထွန်း အမှတ်စဉ်အရေခံရပြီး ဆက်လက်ယှဉ်ပြိုင်ကြရာ ဉာဏ်လင်းထက်က အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
(၅၇ ကီလို) ဖယ်သာဝိတ်တန်း တွင် ဝေယံဦး(Vanguard Lethwei Club)က မျိုးမြတ်(Mong Hsu Highlands)ကို အမှတ်ဖြင့် လည်းကောင်း၊ စောလင်းအောင် (Mawgyun Club)က ယုဒ (Python, Tawwin Ayeyar Club)ကိုအမှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
(၅၉ ကီလို) စူပါ-ဖယ်သာဝိတ်တန်းတွင် သီဟအောင်(MBC Boxing Club)နှင့် ဘောက်ဆာရှိုင်း (Python, Tawwin Ayeyar Club)တို့ အချီပြည့်သည်အထိ ရေကုန်ရေခန်း အပြန်အလှန်ထိုးသတ်ကြသော်လည်း ပူးတွဲသရေရလဒ် သာထွက်ပေါ်ခဲ့သလို (၆၁ ဒသမ ၂ ကီလို) လိုက်ဝိတ်တန်း အောင်ဇေမြတ်(Boxing Family Club)နှင့် ထွန်းထွန်းထက်(MBC Boxing Club)တို့၏ ယှဉ်ပြိုင်ထိုးသတ်မှုမှာလည်း အလူးအလဲဖြင့် ပူးတွဲသရေရလဒ်သာ ဖြစ်ခဲ့သည်။
ကိုထက်


