ပျဉ်းမနား ဇူလိုင် ၁၉
ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက ဇီးကုန်းကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ(KC)၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ထိန်းသိမ်းရေး)နှင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


