ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Education World Forum တက်ရောက်

နေပြည်တော် ၂၅ ဇန်နဝါရီ

 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် United Kingdom နိုင်ငံ၊ လန်ဒန်မြို့တွင် ဇန်နဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ One Generation - What does it take to transform Education ခေါင်းစဉ်ဖြင့် ကျင်းပသည့် Education World Forum သို့ တက်ရောက်ခဲ့သည်။ 

 

 

အခမ်းအနားတွင် United Kingdom ပညာရေးဝန်ကြီး Mr. Gavin Williamson က အဖွင့်အမှာစကားပြောကြားပြီး ပညာရှင်များက ပညာရေးသုတေသန တွေ့ရှိချက် အခက်အခဲများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ခေါင်းစဉ်အလိုက် စာတမ်းများ ဖတ်ကြားကြသည်။

 

 

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် Department for International Development -DFID  ဝန်ကြီး Mr. Andrew Stephenson နှင့် လည်းကောင်း၊ FCO Minister for Africa and Pacific, Ms. Heather Weeler နှင့်လည်းကောင်း၊ United Kingdom  နိုင်ငံ Trade Envoy to South East Asia နှင့် လွှတ်တော်ကိုယ်စားလှယ် Mr. PanlSeully တို့နှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် United Kingdom နိုင်ငံက ကူညီပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

 

1

 

 

ပြည်ထောင်စုဝန်ကြီးသည် United Kingdom နိုင်ငံ Minister for Children and Families, Ms. Michella Donlon ဦးဆောင်ကျင်းပသည့် Teacher Training and Soft & Employability Skill ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ASEAN Ministers Meeting သို့တက်ရောက်၍ United Kingdom နိုင်ငံနှင့် ASEAN နိုင်ငံများကြား ပညာရေးပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ တက်ရောက်ဆွေးနွေးသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် United Kingdom နိုင်ငံ Minister of State for Universities, Science, Research and Innovation, Mr. Chris Skidmore ဦးဆောင်ကျင်းပသည့် Roundtable discussion on Higher Education in the United Kingdom and International Collaboration in Mobility and Exchange သို့ တက်ရောက်၍ အဆင့်မြင့်ပညာနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ တက်ရောက်ဆွေးနွေးသည်။

 

 

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အောက်စဖို့(စ်)မြို့ရှိ Oxfordshire Teaching School Alliance သို့လည်းကောင်း၊ လန်ဒန်မြို့ရှိ Advance H.E နှင့် University of Greenwich သို့သွားရောက်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆရာအတတ်သင် ပညာရေးဆိုင်ရာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးသည်။

 

 

ပြည်ထောင်စုဝန်ကြီးသည် လန်ဒန်မြို့ မြန်မာနိုင်ငံသံရုံးတွင် United Kingdom နိုင်ငံ၌ ပညာသင်ယူနေသော မြန်မာကျောင်းသား၊ ကျောင်းသူများ၊ မိသားစုများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်