နေပြည်တော် အောက်တိုဘာ ၂၃
လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း သည် ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်း (ရွာတော်)၌ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၈)မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများနှင့် လာရောက် တွေ့ဆုံရခြင်းသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်က ကျောင်းသား ကျောင်းသူများသည် အနာဂတ် နိုင်ငံတော်အတွက် မိမိတို့ တတ်မြောက်ထားသည့် အတတ် ပညာများကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပြီး ပြန်လည် သင်ကြားပေးရမည့် မြင့်မြတ်သည့် လူငယ် ကျောင်းသား ကျောင်းသူများ ဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားပြီး ကျောင်းသား ကျောင်းသူများက သိလိုသည်များ မေးမြန်းဆွေးနွေးမှုကို ပြန်လည်ဖြေကြားပေးကာ သုတ၊ ရသ စာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


