ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

၄  ဇူလိုင်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အငယ်တန်းစာရေး ရာထူးနေရာ (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) များအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး (ရုံးအမှတ် ၂၂၊ နေပြည်တော်)နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့် ရှမ်းပြည်နယ် ရုံးခွဲ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားနိုင်ပါသည် -

 

12121

 

၁။ လျှောက်ထားသူများသည်

(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

(ဂ) ၃၁-၇-၂၀၂၀ရက်တွင် အသက်(၂၇)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ) ဝန်ထမ်းဖြစ်ပါက ၃၁-၇-၂၀၂၀ရက်တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။

(င) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

(စ) အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြုလက်မှတ်ရေးထိုးရမည်။

လျှောက်လွှာနှင့်အတူ -

(က) တစ်လအတွင်း ရိုက်ကူးထားသော ၁လက်မှ ပတ်လည် ဓာတ်ပုံ(၃)ပုံ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)

(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

(ဂ) အလုပ်သမားမှတ်ပုံတင်မိတ္တူ

(ဃ) ဘွဲ့လက်မှတ်မိတ္တူနှင့် အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ (မူရင်းအား လူတွေ့ လာရောက် ဖြေဆိုသည့်အခါ ပြသနိုင်ရမည်။)

(င)  (၃)လအတွင်း ရယူထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်မူရင်း

(စ) ကျန်းမာကြောင်းဆေးစစ်ထောက်ခံချက်

(ဆ) အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ

၄။ လျှောက်လွှာပုံစံများကိုကော်မရှင်ရုံး၏ Website ဖြစ်သော www.uec.gov.mm တွင် download ရယူနိုင်ပြီး ၂၄-၇-၂ဝ၂ဝ ရက်(သောကြာနေ့) အရောက် နောက်ဆုံး ထား၍ စာစစ်ဌာနများဖြစ်သည့် ကော်မရှင်ရုံး(ရုံးအမှတ် ၂၂၊ နေပြည်တော်)နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင ့်ရှမ်းပြည်နယ် ရုံးခွဲရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လိပ်မူ၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထားမပြည့်စုံသူများကို လုံးဝ(လုံးဝ) ထည့်သွင်း လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။

၅။ ဝန်ထမ်းဖြစ်ပါက ဌာနအကြီးအကဲ၏ ခွင့်ပြုထောက်ခံချက်ဖြင့် သက်ဆိုင်ရာဌာနမ ငှတစ်ဆင့်ပေးပို့လျှောက်ထားရမည်။

၆။ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို ၂၉-၇-၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့) တွင် သက်ဆိုင်ရာ စာစစ်ဌာနများဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံး(ရုံးအမှတ် ၂၂၊ နေပြည်တော်)၊တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ရှမ်းပြည်နယ်ရုံးခွဲ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၏ ကြော်ငြာသင်ပုန်းနှင့် ကော်မရှင်ရုံး၏ Website ဖြစ်သော www.uec.gov.mm တွင် ကြေညာပေးထားမည် ဖြစ်ပါသည်။

၇။ လျှောက်ထားသူများသည် မြန်မာစာ၊ အထွေထွေဗဟုသုတ ဘာသာရပ်မေးခွန်းနှင့် အင်္ဂလိပ်စာ ဘာသာရပ်မေးခွန်းတို့အား ၂-၈-၂၀၂၀ရက် (တနင်္ဂနွေနေ့) နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရေးဖြေ စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာ မေးပွဲ အောင်မြင်သူများကိုသာ လူတွေ့နှုတ်ဖြေ စာမေးပွဲနှင့် ကွန်ပျူတာ ကျွမ်းကျင်မှု စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်။

၈။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေရှမ်းပြည်နယ်ရုံးခွဲ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး (ရုံးအမှတ် ၂၊ နေပြည်တော်) ဖုန်း- ၀၆၇-၃၄၀၄၂၂၃၊ ၀၆၇-၃၄၀၄၂၀၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး