ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

ရန်ကုန်   အောက်တိုဘာ ၂၅

 

ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  အောက်တိုဘာ ၂၄ ရက် ဒေသစံတော်ချိန်  နံနက်  ၉  နာရီခွဲတွင် လေကြောင်းခရီးဖြင့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှ  ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာကြသည်။

 

ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့ကို ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Igor Brylevich၊ အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ အမြဲတမ်းကော်မရှင်ဥက္ကဋ္ဌ Mr.Sergei ALEINK ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး ပို့ဆောင် နှုတ်ဆက်ကြသည်။ 

 

ယနေ့ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊  ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

သတင်းစဉ်