ပြည်သူများလက်ဝယ်သို့ စားအုန်းဆီများ မှန်ကန်စွာရောက်ရှိစေရေး ကျေးရွာလက်လီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဩဂုတ် ၅

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ပြည်သူများ လက်ဝယ်သို့ စားအုန်းဆီများ မှန်ကန်စွာ ရောက်ရှိစေရေး ကျေးရွာလက်လီ အရောင်းဆိုင် များအား ကြည့်ရှုစစ်ဆေးသည်။

 

ကျေးရွာအရောက် ကြည့်ရှုစစ်ဆေး

 

တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်း၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်စိုးလှိုင်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းလတ်၊ အောင်ဦးသာ ကုမ္ပဏီဆိုင်ဆီ ထုတ်ကိုယ်စားလှယ် ဦးရဲဇော်လင်း တို့က လှေကြီးတတ် ကျေးရွာအုပ်စု နံနံပင်ကုန်းကျေးရွာ ဦးသန်းဦး စားအုန်းဆီလက်လီ အရောင်းဆိုင်၌ အိမ်ထောင်စု ၂၅၀ အား စားအုန်းဆီ ထုတ်ယူခွင့် စာအုပ်၊ သတ်မှတ်အလေးချိန် ဈေးနှုန်းဖြင့် ကျေးရွာနေပြည်သူများ လက်ဝယ်သို့ မှန်ကန်စွာ ရောက်ရှိစေရေး ကျေးရွာအရောက် ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သာပေါင်း(ပြန်/ဆက်)