ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

မကွေး စက်တင်ဘာ ၆

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄)တို့မှ နေရပ်သို့ ထပ်မံရောက်ရှိလာသူများနှင့် အပတ်စဉ်(၃/၂၀၂၄) နှင့် (၄/၂၀၂၄)တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး နေရပ်သို့ပြန်လည်ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို က ဂုဏ်ပြုအမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ မကွေး တိုင်းဒေသကြီးမှ  တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁)နှင့် (၂)တို့မှ ထပ်မံရောက်ရှိလာသူ ၃၉ ဦးနှင့် အပတ်စဉ်(၃)နှင့် (၄)တို့မှ ပြန်လည်ရောက်ရှိလာသူ ၁၇၉ ဦး စုစုပေါင်း ၂၁၈ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူ များနှင့်အတူ  ဂုဏ်ပြုညစာကို  အတူတကွသုံးဆောင်ကြကြောင်း သိရသည်။           တိုင်းဒေသကြီး(ပြန်/ဆက်)