ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်း

နေပြည်တော် အောက်တိုဘာ ၂၂

 

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းက ကြီးမှူး ဖွင့်လှစ်သည့် နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

 

ပေးအပ်

 

သင်တန်းဆင်းပွဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၏ “ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးရန်” ဟူသော ရည်မှန်းချက်နှင့်အညီ ယခုသင်တန်းတွင် စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ စာရင်းပြုစုခြင်း၊ စာရင်းနှင့် လုပ်ငန်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ယင်းဘာသာရပ်များကို လေ့လာမှတ်သား၍ နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

 

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာန ၂၂ ခုမှ သင်တန်းသား သင်တန်း သူ ၃၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၄ ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်