ပြည်မြို့နယ်၌ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေး

ပြည် အောက်တိုဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ငါးရွာအုပ်စုတွင် ယနေ့နံနက်ပိုင်းက ​ဆောင်းနေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိ​​ရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်သည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့က စိုက်နည်းစနစ်မှန်ကန်စေရေး၊ ဝတ်မှုန်ကူးနိုင်ရန်အတွက် ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာအချိန်ကိုက် အချိုးကျ ထည့်သွင်းရေး၊ နေကြာတစ်ကွင်းတစ်စပ်တည်း သီးသန့်စိုက်ဧကများ ဖြစ်ပေါ်​စေရေး၊ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးများကို နွေစပါးရာသီတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် ဓာတ်မြေဩဇာကို သုံးစွဲရာတွင် မိမိတို့စိုက်ပျိုးမြေ၏​ မြေချဉ်ငန်ကိန်း​၊ စိုက်ပျိုးသည့် သီးနှံအမျိုးအစားအ​ပေါ် မူတည်၍ ထည့်သွင်း သင့်သည့်ပမာဏကို စိုက်ပျိုး​ရေးပညာရှင်များနှင့်​ မြေဆီလွှာပညာရှင်များ၏ ​ထောက်ခံအကြံပြုချက်များရယူ၍  အသုံးပြုရန်လိုအပ်​ကြောင်းနှင့် ဆောင်းဆီထွက်သီးနှံပဲပုပ်ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)