ပြည်ခရိုင်တရားရုံးဝင်းအတွင်း အမှိုက်ပုံပေါ် မီးပွားကျရာမှတစ်ဆင့် သက်သေခံဆိုင်ကယ်အဟောင်းများ မီးလောင်ဆုံးရှုံး

နေပြည်တော် ၁၄ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တရားရုံးဝင်းအတွင်း၌  ဇူလိုင် ၁၃ ရက်က အမှိုက်ပုံပေါ်သို့ မီးပွားကျရာမှတစ်ဆင့် သက်သေခံ မော်တော်ဆိုင်ကယ်အဟောင်းအပျက်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ပြည်ခရိုင်တရားရုံးအတွင်း သက်သေခံအဟောင်းအပျက်များ ထားရှိရာအနီးရှိ အမှိုက်ပုံပေါ်သို့ မီးပွားကျရာမှတစ်ဆင့် တရားရုံးမှ သံရည်ကျိုအဖြစ်ပြုလုပ်ရန် ချထားပြီးဖြစ်သည့် မော်တော်ဆိုင်ကယ် ၁၀ စီးခန့်ရှိ ကာဗာနှင့် တာယာများ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး တရားရုံး အစောင့်ဖြစ်သူ ဦးမောင်အေး (၅၅)နှစ်အား အမှတ်(၁)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား