ပြည်ခရိုင်‌ (ဆီးအုပ်) တောင်သူလယ်သမားသင်တန်းကျောင်း၌ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်

ပြည် စက်တင်ဘာ ၁၆

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့နယ်ရှိ (ဆီးအုပ်) တောင်သူလယ်သမားသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ခုနှစ် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၆)ဖွင့်ပွဲကိုကျင်းပရာ ပြည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုး မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား တောင်သူ ၄၀ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ခရိုင်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်ရေး​ကော်မတီဥက္ကဋ္ဌ ဦး​အောင်​ကျော်စိုးက သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပဲခူးတိုင်း​ဒေသကြီး (အ​နောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း​ဒေသကြီးဦးစီးမှူး ဦး​​ဇော်ဝင်းထွန်းက အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် AI နည်းပညာလက်တွေ့အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားပြီး သင်တန်း၌ လက်တွေ့သင်ကြားပေးမည့် အခြေအနေများနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း‌ပြောကြားသည်။ အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းပညာရပ်များကို စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချ‌မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)