ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နေ့သင်တန်းများ စတင်ဖွင့်လှစ်မည်

နေပြည်တော် ၂၃ အောက်တိုဘာ

 

ပညာရေးဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွားရေး တက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီး၏ အထူးပြုဘာသာရပ်များအတွက် ပထမနှစ်နေ့ သင်တန်းများကို ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရသူများစာရင်းကို အောက်တိုဘာ ၂၅ ရက်မှစပြီး သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm ၊ http://www.dhe.gov.mm တွင်လည်း ကြေညာထားမည် ဖြစ်ကြောင်း သိရသည်။

 

ဒုတိယနှစ်နှင့်အထက် သင်တန်းများအားလုံးကိုလည်း ဒီဇင်ဘာ ၂ ရက်မှစ၍ ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်