ပြင်ဦးလွင်မြို့နယ်၌ မီတာအသစ်တပ်ဆင်ပေး

ပြင်ဦးလွင် ဩဂုတ် ၁ဝ

ပြင်ဦးလွင်မြို့နယ်၌ အွန်လိုင်းစနစ်သစ်ဖြင့် မစတင်မီ ယခင်စနစ်ဟောင်းဖြင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ အိမ်သုံးမီတာ လျှောက်ထားကာ သတ်မှတ်ကြေးပေးသွင်းပြီးသော မိဘပြည်သူများအား မီတာလျှောက်ထားမှု တန်းစီစာရင်းအလိုက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြို့နယ်လျှပ်စစ် မန်နေဂျာဦးကျော်သူဟန်နှင့် ဒုမြို့နယ်လျှပ်စစ်မန်နေဂျာတို့က ဦးစီး၍ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မီတာ လျှောက်ထားသူများအား မီတာတပ်ဆင်ပေးခဲ့သည်။ ထို့နောက် လျှပ်စစ်မီတာများ၏ လုံခြုံမှုနှင့် ပုံမှန်အသုံးပြုနိုင်ရေးတို့ကို ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြသည်။

မီတာအသစ် တပ်ဆင်ပြီးစီးခြင်းကြောင့် ဒေသခံပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ပိုမိုအသုံးပြုနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များလည်း

ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်သည်။ ဩဂုတ် ၁၅ ရက်မှစ၍ အိမ်သုံးမီတာလျှောက်ထားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်သို့ဝင်ရောက်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)မှ စဉ်ဆက်မပြတ်စောင့်ကြည့်ကာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သတ်မှတ်ချက်များ ပြည့်စုံစွာ စိစစ်ဆောင်ရွက်ပြီးပါက မီတာတပ်ဆင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)