ပြင်ဦးလွင် စက်တင်ဘာ ၂၀
ပြင်ဦးလွင်မြို့တွင် ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက အမှာစကားပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ကိုရွှေအောင်သင်းက ကျောင်းသား ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


