ပြင်ဦးလွင်မြို့၌ မိုးရာသီ ခရိုင်အဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၂

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီ ခရိုင်အဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲတွင် ပြင်ဦးလွင်မြို့ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ်(၃၈) ပြင်ဦးလွင်-ပိန္နဲကုန်းသွားလမ်းဘေး၌  ကျင်းပသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဇော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာသူ ကျေးရွာသားများက ချယ်ရီပင် ၇၀၀ ကို စုပေါင်း စိုက်ပျိုးကြသည်။ သစ်ပင်စိုက်ပျိုးနေမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)