ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၁၆,၀၀၀ ကျော်ရှိ

၂၅ စက်တင်ဘာ

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ရောဂါပိုးတွေ့ရှိသူဟာ ၂၄ နာရီအတွင်း ၁၆,၀၉၆ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် ဘားနဲ့ စားသောက်ဆိုင်တွေကို စည်းမျဉ်းအသစ်တွေ ချမှတ်လိုက်တဲ့ ဒေသခံနိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ကျယ်ကျယ်လောင်လောင် ဝေဖန်ပြီး နောက်တစ်နေ့မှာ အခုလို ပိုးတွေ့ရှိသူ များလာတာဖြစ်ပါတယ်။

 

ကျွမ်းကျင်ပညာရှင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်းအတွင်းမှာ ပိုးတွေ့သူတွေက ပေါက်ကွဲထွက်လာဖြစ်ပေမယ့် ဒုတိယလှိုင်းမှာတော့ ပိုးစစ်ဆေးမှုကနေ ရရှိလာလို့ ဆိုပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှုများနေတဲ့ မာဆေးမြို့ရှိ စားသောက်ဆိုင်တွေနဲ့ ဘား‌တွေကို ပိတ်ထားဖို့နဲ့ ပဲရစ်မြို့နဲ့ တခြားမြို့တွေရှိဆိုင်တွေကို အချိန်စောပြီးပိတ်ရမယ်လို့ သမ္မတက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ပိုးတွေ့သူ ၁၃,၀၇၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၄၃ ဦးရှိခဲ့ပါတယ်။

 

ပဲရစ်မြို့က ဆေးရုံတွေမှာ လူနာအရေအတွက်ဟာ သီးတင်းသုံးပတ်အတွင်း ၂ ဆ ဖြစ်လာတာကို တွေ့ရှိရပါတယ်။

 

MDN

ကိုးကား- AFP